သို့......
ကိုယ့်ချစ်သူ....
ကိုယ်တို့ ခွဲခွာခဲ့ရတာ သုံးလရှိပြီနော်။
သုံးလဆိုတဲ့ အချိန်က ၄နှစ်နီးပါးဆိုတာကို စည်းဝိုင်းအတွင်းမှာပဲ အလဲထိုးနိုင်ခဲ့တယ်။
ခံစားချက်ဆိုတာ အချိန်နဲ့ မဆိုင်ပါလားနော်။
လက်ယက်ပြရင်း ကျန်နေခဲ့တာက လေဆိပ်မှာလေ။
ပထမဆုံးအကြိမ် နှလုံးသားလေခိုခဲ့တာ....မေ။
ပူးကပ်နေတဲ့ ကိုယ့်နှုတ်ခမ်းတွေနဲ့ အိပ်ပျော်နေတဲ့လျာတွေက သက်သေပြနေတယ်
ခြေလှမ်းတွေ ဆွံ့အ နေခဲ့တဲ့ နေ့တစ်နေ့ပေါ့။
ဖြတ်မျဉ်းနှစ်ကြောင်းလို ဖြတ်ခဲ့ပေမယ့် ပြန်ကွဲကွာခဲ့တာ သတိထားမိရဲ့လား။
တကယ်ဆို ကိုယ်က ပြိုင်မျဉ်းနှစ်ကြောင်းကို ပိုနှစ်သက်တယ်။
မဆုံရပေမယ့် ဘယ်တော့မှ ပိုမဝေးသွားဘူးလေ။
မင်းရဲ့မျက်နှာလေးက ဖန်သားပြင်အဖြစ်ပြောင်းတဲ့နေ့မှာ
မင်းရဲ့အပြုံးတွေက ဒီဂျစ်တယ်တွေဖြစ်နေပြီလေ။
မင်းရဲ့စကားသံတွေက ကြားတချက် မကြားတချက်၊
ဒို့ရွှေပြည်ရဲ့ ကွှန်နက်ရှင်အပျော့စားကြားမှာ သူသူငါငါလုရင်း အလွမ်းသယ်နေရတာပါ။
ခံစားချက်တွေ ကေဘယ်တွေထဲမှာ လုယက်ကျော်တက်နေတာ ဘယ်သူမြင်နိုင်မလဲနော်။
ကိုယ်ရဲ့ ကမ္ထာမြေ တစ်နေရာမှာ ရှိနေတဲ့ ကိုယ့်ချစ်သူ အတွက်...
အိပ်ရာထဲက သူငယ့်လွမ်းချင်း